Language: EN MM

အတ္ထိုပတ္တိအကျဉ်း

ဆရာကြီးဦးရာဇတ်

မန္တလေး Weslian ကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပြီး ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ထင်ရှားခဲ့ကာ ၁၉၁၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာနှစ်ခုစလုံးကို ကောင်းစွာ ထိတွေ့ခဲ့ရသူဖြစ်ပြီး ပါဋ္ဌိဘာသာကိုပါ တတ်မြောက်ပြီးလျှင် မန္တလေးကောလိပ် (နောက်ပိုင်းတွင် မန္တလေးတက္ကသိုလ်)တည်ထောင်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။


U Abdul Razak

ဆရာကြီးဦးရာဇတ်

ပညာရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ဝန်ကြီး

ပညာရေးဘဝ

ဗြိတိသျှကိုလိုနီရဲ့ အထွတ်အထိပ်ကာလမှာ ဦးရာဇာတ်ဟာ မန္တလေးမှာ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာနှစ်ခုစလုံးကို ကောင်းစွာ ထိတွေ့ခဲ့ရသူဖြစ်ပြီး မန္တလေး Weslian ကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပြီး ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကျောင်းသားသပိတ်မှာ ပါဝင်တာကြောင့် စာသင်နှစ် နှစ်နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။ ဗဟန်းအမျိုးသားကောလိပ်ကနေ သူ့ရဲ့ ကောလိပ်ပညာရေးကို ၁၉၂၂ ခုနှစ်မှ အဆုံးသတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပညာရေးလုပ်ငန်းကို မန္တလေးမှာ အားစိုက်လုပ်ကိုင်ခဲ့ရာက ဆရာကြီးဦးရာဇာတ်လို့ ထာဝရခေါ်ဆိုခြင်းကို ခံရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြားဖြတ်အစိုးရမှာ မပါဝင်ခင် ကျောင်းအုပ်ကြီးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ဝန်ကြီး

သခင်အောင်ဆန်းရဲ့ရဲဘော်ရဲဘက်ဖြစ်ပြီး ဦးရာဇာတ်ရဲ့ ကျောင်းသားဟောင်းတစ်ဦးလည်းဖြစ်သူ သခင်ဗဟိန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးရာဇာတ်ကို မန္တလေးမှာ ၁၉၃၈ ခုနှစ်က မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တာကြောင့် ဂျပန်ကျူးကျော်မှုကာလမှာ ဆရာကြီးဦးရာဇာတ်ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။ ထောင်ကျခံနေရစဉ်မှာ သူ့ရဲ့ ကျောင်းသားဟောင်းတွေဟာ သူ့ကိုဆက်သွယ်ပြီး ထောင်ကနေ ကယ်ထုတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။ ဂျပန်စစ်ပွဲကာလပြီးဆုံးတဲ့အခါ ဆရာကြီးဦးရာဇာတ်ဟာ ဖဆပလရဲ့အထက်မြန်မာပြည်ဥက္ကဌဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြားဖြတ်အစိုးရကာလမှာ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးနေရာကို ထမ်းဆောင်ခဲ့ပါတယ်။

သူရဲ့ကောင်း

ဒီတာဝန်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လုပ်ကြံခံခဲ့ရတဲ့ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့ထိ ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

မှတ်သားဖွယ်ရာ အချက်အလက်များ

  • နာမည် - ဆရာကြီး ဦးရာဇာတ်
  • အလုပ်အကိုင် - နိုင်ငံရေးသမား၊ ပညာရေးကျွမ်းကျင်သူနဲ့ ဝန်ကြီး
  • မွေးရက်- ဇန်နဝါရီ ၂၀၊ ၁၈၉၈
  • ကွယ်လွန်ရက် - ဇူလိုင် ၁၉၊ ၁၉၄၇
  • ပညာရေး - ဘီအေ (အင်္ဂလိပ်)၊ ဗဟန်းအမျိုးသားကောလိပ်
  • မွေးရပ် - မန္တလေး၊ မြန်မာ
  • ကွယ်လွယ်နေရာ - ရန်ကုန်၊ မြန်မာ
  • မြှပ်နှံထားရာနေရာ - အာဇာနည်ဗိမာန်၊ ရန်ကုန်

ဗိုလ်ချုပ်အောင်ဆန်း

ဒုတိယ ဥက္ကဌ ဘုရင်ခံအမှုဆောင် ကောင်စီ


ဦးဘချို

သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး


မန်းဘခိုင်

စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး


ဦးဘဝင်း

ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး


သခင်မြ

ဘဏ္ဍာရေး နှင့် အခွန်တော် ဝန်ကြီးဌာန ဝန်ကြီး


ဦးရာဇတ်

ပညာရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ဝန်ကြီး


မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း

တောင်တန်းဒေသရေးရာဝန်ကြီးဌာန ဝန်ကြီး


ဦးအုန်းမောင်

ဒုတိယ အတွင်းဝန် လမ်းပန်းပို့ဆောင်ရေး ဝန်ကြီးဌာန


ရဲဘော် ကိုထွေး

ဥးရာဇတ်၏ သက်တော်စောင့်