Language: EN MM

အတွင်းဝန်များရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

အတွင်းဝန်များရုံး ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟာ မြန်မာ့နိုင်ငံရဲ့ ပထမဆုံး ဗိသုကာအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဖြစ်ပါတယ်။ သက်ဆိုင်ရာဒေသတွင်းကုမ္ပဏီများ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပြီး သမိုင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ် ကြွယ်ဝတဲ့ အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) နဲ့အတူ မြန်မာနိုင်ငံရဲ့ ခမ်းနားတဲ့အမျိုးသားအမွေအနှစ်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။


မြန်မာနဲ့နိုင်ငံတကာက စွမ်းရည်မြင့်မားတဲ့ ကျွမ်းကျင်သူတွေကို စုဆောင်းဖွဲ့စည်း ထားတဲ့အဖွဲ့ဖြစ်ပြီး အဆိုပါ ကျွမ်းကျင်သူတွေဟာ အဆောက်အအုံ ပြုပြင်ထိန်းသိမ်း ရေး ကဏ္ဍ အသီးသီးမှာ လုပ်ကိုင်ခဲ့သူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အောင်မြင်စွာ လုပ်ဆောင်ခဲ့တဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေ အတွက် လည်း အဖွဲ့ဟာ များစွာဂုဏ်ယူလျက်ရှိပါတယ်။

ကျွန်တော်တို့အဖွဲ့ရဲ့ နယ်ပယ်စုံ ပူးပေါင်းလုပ်ဆောင်ခြင်း နည်းလမ်းကြောင့် ဒီသမိုင်းဝင် စီမံကိန်းမှာ မှန်ကန်သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေပူးပေါင်းပါဝင်ပြီး လက်တွေ့နဲ့ ဥာဏ်ပညာ ဟန်ချက်ညီစွာ ပေါင်းစပ်ထားနိုင် ဖြစ်ခဲ့ပါတယ်။

လက်ရှိနဲ့ အနာဂတ်မျိုးဆက် အတွက် ရှေးဟောင်းအဆောက်အအုံတွေရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အပေါ် ကျွန်တော်တို့ အဖွဲ့အစည်း အနေဖြင့် ယုံကြည်မှု များစွာ ထားရှိထားပါတယ်။ ကျွန်တော်တို့ရဲ့ ဒီလိုယုံကြည်လုပ်ဆောင်မှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လုပ်ဆောင်ခဲ့တဲ့ ကျောက်ဆစ် လုပ်ငန်းပိုင်းပြုပြင်မှုမှ လက်သမား လုပ်ငန်းပိုင်း ပြုပြင်မှုထိ၊ ကျည်းပေါင်ခွေ လုပ်ငန်းပိုင်း ပြုပြင်မှုမှ အင်္ဂတေပိုင်း လုပ်ငန်းပြုပြင်မှု အထိ လက်မှု လုပ်ငန်းပိုင်း အရည်အသွေးတွေမှာ ထင်ဟပ်လျက်ရှိပါတယ်။

ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ ခိုင်မာအားကောင်း တိုးတက်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရေး အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍက တည်ရှိနေတယ် လို့လည်း ကျွန်တော်တို့က ယုံကြည်ပါတယ်။ သမိုင်းထဲက ဖြစ်ရပ်တွေနဲ့နေရာတွေဟာ ကျွန်တော်တို့အနာဂတ်နဲ့လည်း သက်ဆိုင် နေတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ စိန်ခေါ်မှုပြသနာတွေရှိနေပေမယ့် ရှုပ်ထွေးလှတဲ့ ပြသနာတွေကို တာဝန်ယူဖြေရှင်းပေးရတာကို ကျွန်တော်တို့က နှစ်သက်ပါတယ်။ ကျွန်တော်တို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးမှုက ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘာပေါ်ရှိ လူမှုအသိုင်းအ၀ိုင်း အတွက် ရေရှည်တန်ဖိုးတွေ သေချာဖြစ်ပေါ်စေ တယ်လို့ ကျွန်တော်တို့ ထင်မြင်မိပါတယ်။

အတွင်းဝန်ရုံး ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်မှာ အတွင်းဝန်များရုံးရဲ့ ခမ်းနား ထည် ၀ါမှုကို နောင်နှစ်ပေါင်းများစွာ အကောင်းဆုံး တည်ရှိ နေနိင်စေရေးအတွက် စီမံခန့်ခွဲပုံ၊ လိုက်လျောညီထွေ အောင်ပြောင်းလဲပုံ၊ ကာကွယ်စောင့်ရှောက်ပုံ၊ သရုပ်ဖော်ထိန်းသိမ်းပုံနဲ့ စတဲ့နည်းစနစ်ပိုင်းတွေမှာ အကြံဥာဏ်တွေထောက်ပံ့ပေးသွားဖို့ ဖြစ်ပါတယ်။