Language: EN MM

အတ္ထိုပတ္တိအကျဉ်း

ဒီးဒုတ် ဦးဘချို

မောင်ဘချိုဟာ တိုင်းရင်းသမားတော် အဖေ နဲ့ တော်ဝင်မွန်မင်းမျိုးဖြစ်သူအမေတို့ရဲ့ လေးယောက်မြောက် အငယ်ဆုံးသားဖြစ်ပြီး ၁၈၉၃၊ ဧပြီ ၂၄ ရက် မြောင်းမြမြို့မှာ ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။


U Ba Cho

ဒီးဒုတ်ဦးဘချို

သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး

ကျောင်းသားနှင့် ပညာရေးဘဝ

မောင်ဘချိုဟာ မြောင်းမြမြို့ ဆရာဦးမောင်မောင် မူလတန်းကျောင်းမှာ ပညာစတင်သင်ယူခဲ့ပြီး ပညာထူးချွန်တာကြောင့် စိန့်ပေါလ်အထက်တန်းကျောင်းကို ပြောင်းရွှေ့ပညာသင်ယူခွင့်ရခဲ့ပါတယ်။ သို့သော်လည်း မျက်လုံးကျန်းမာရေးကြောင့် ကျောင်းပညာရေးမပြီးဆုံးခဲ့ဘဲ ကော်လိပ်ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ကျောင်းပညာရေးကို အလွန်စိတ်ဝင်စားသူ ဖြစ်တာကြောင့် ကျောင်းပေါင်းများစွာမှာ ပါဋ္ဌိဘာသာကို သင်ကြားပေးခဲ့ပြီး ပညာရေးမှုးအဖြစ်လည်း လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ကဗျာဆရာ

ပညာရေးမှုးအဖြစ်ထမ်းဆောင်နေစဉ်ကာလမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ကဗျာများစွာကို ရေးသားဖွဲ့ဆိုခဲ့သူလည်းဖြစ်ပါတယ်။ ဒေသလူမှုအဖွဲ့အစည်းတစ်ခုမှာအတွင်းရေးမှုအဖြစ်အလုပ်လုပ်ခဲ့ပြီး ဒီးဒုတ် ကလောင်နာမည်နဲ့ Paccaya Lekha Treatise ကို ရေးသားခဲ့ပါတယ်။ ဒီအချိန်မှာတော့ ပညာရေးမှုးအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဗဟန်းအမျိုးသားကောလိပ်မှာ ပါမောက္ခဆရာလွန်းရဲ့လက်ထောက်အဖြစ် စာပေသင်ကြားမှုကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

စာရေးဆရာနဲ့ ဂီတဆရာ

၁၉၂၄ ခုနှစ် ကော်လိပ်ပိတ်သွားတဲ့အခါ ဦးဘချိုဟာ ငွေကြေးပိုင်းချို့တဲ့လာခဲ့ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် သရက်တောအမျိုးသားကျောင်းမှာ အမျိုးသားကျောင်းဆရာအဖြစ်လုပ်ကိုင်ခဲ့ပြီး တချိန်တည်းမှာပဲ ဒီးဒုတ် အပတ်စဉ်သတင်းစာကိုလည်း ထုတ်ဝေခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာတော့ ဦးဘချိုဟာ စုဖုရားလတ်ရဲ့ ဈာပနာအခမ်းအနားကို ကူညီဖို့ မြန်မာနိုင်ငံတွင်းက ထုတ်ဝေရေးကုမ္ပဏီတွေကို ဦးဆောင်ခဲ့ပါတယ်။ ဦးဘချိုဟာ သူ့ရဲ့ ကျွမ်းကျင်တဲ့စာရေးစွမ်းရည်နဲ့ မြန်မာ့ဂီတအပေါ်ချစ်တဲ့စိတ်ကို ပေါင်းစပ်နိုင်ခဲ့ပါတယ်။ သူ့ခေတ်က မြန်မာ့ထိပ်တန်းဂီတပညာရှင်တွေနဲ့ နီးကပ်စွာ နေထိုင်ခဲ့သူဖြစ်ပြီး ဂီတဆိုင်ရာတွေကိုလည်း ဖွဲ့ဆိုရေးသားခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံရေးသမား

မြန်မာနိုင်ငံမှာ ကိုလိုနီအုပ်ချုပ်ရေးပိုင်းရပ်တန့်သွားမှုကြောင့် စီးပွားရေးကသောင်းကနင်းဖြစ်နေတဲ့အချိန်တွေမှာ ဦးဘချိုဟာ သပိတ်မှောက်သူတွေကိုကူညီခဲ့ပြီး အမျိုးသားတက္ကသိုလ်မှာလည်း စာပေသင်ကြားမှုတွေပြုလုပ်ကာ ထုတ်ဝေရေးလုပ်ငန်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဂျပန်စစ်ကြိုကာလအတွင်း ဦးဘချိုဟာ မြန်မာစာရေးဆရာအသင်းဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

ဝန်ကြီး

ဒုတိယကမ္ဘာစစ်ကာလအတွင်း ဦးဘချိုဟာ မိသားစုကို ရွှေဘိုသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ သခင်မြေအောက်လှုပ်ရှားမှုတွေကို လုပ်ကိုင်ရင်း ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ထင်ရှားသူ ဖြစ်ပါတယ်။ ဗုံးသံ သေနတ်သံတွေကြားမှာပဲ စာပေနဲ့ဂီတ ရေးသားစပ်ဆို ထုတ်ဝေခြင်းတွေကို ရပ်တန့်ခြင်းမရှိခဲ့ပါဘူး။
တိုင်းပြည်အပေါ် သူ့ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြားဖြတ်အစိုးရကာလအတွင်း ဦးဘချိုကို ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်ထားခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့ ဝန်ကြီးတွေကို လုပ်ကြံရေးသမားတွေက သတ်ဖြတ်ခဲ့ရာမှာ ဦးဘချိုလည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်သားဖွယ်ရာ အချက်အလက်များ

  • နာမည် - ဒီးဒုတ်ဦးဘချို
  • အလုပ်အကိုင် - ဗမာသတင်းစာထုတ်ဝေသူ၊စာရေးဆရာ၊ နိုင်ငံရေးသမားနှင့် ဝန်ကြီး
  • မွေးရက် - ဧပြီ ၂၄၊ ၁၈၉၃
  • ကွယ်လွန်ရက် - ဇူလိုင် ၁၉၊ ၁၉၄၇
  • ပညာရေး - အထက်တန်း
  • မွေးရပ် - မြောင်းမြ၊ မြန်မာ
  • ကွယ်လွန်နေရာ - ရန်ကုန်၊ မြန်မာ
  • မြှပ်နှံရာနေရာ - သူရဲကောင်းဗိမာန်၊ ရန်ကုန်

ဗိုလ်ချုပ်အောင်ဆန်း

ဒုတိယ ဥက္ကဌ ဘုရင်ခံအမှုဆောင် ကောင်စီ


ဦးဘချို

သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး


မန်းဘခိုင်

စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး


ဦးဘဝင်း

ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး


သခင်မြ

ဘဏ္ဍာရေး နှင့် အခွန်တော် ဝန်ကြီးဌာန ဝန်ကြီး


ဦးရာဇတ်

ပညာရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ဝန်ကြီး


မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း

တောင်တန်းဒေသရေးရာဝန်ကြီးဌာန ဝန်ကြီး


ဦးအုန်းမောင်

ဒုတိယ အတွင်းဝန် လမ်းပန်းပို့ဆောင်ရေး ဝန်ကြီးဌာန


ရဲဘော် ကိုထွေး

ဥးရာဇတ်၏ သက်တော်စောင့်