Language: EN MM

အတ္ထိုပတ္တိအကျဉ်း

ဦးဘဝင်း

ဦးဘ၀င်းသည် တောင်တွင်းကြီးမြို့နယ် အမျိုးသားကျောင်းတွင် ကျောင်းဆရာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကိုလည်းဖြစ်သည်။ သူသည် ၁၉၄၁ ခုနှစ်မှ ၁၉ ၄၂ ခုနှစ် တွင် ဖြူးအမျိုးသားကျောင်းတွင် ကျောင်းအုပ်ဖြစ်ခဲ့သည်။


U Ba Win

ဦးဘဝင်း

ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး/p>

မိသားစုနဲ့ ပညာရေး

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို ဦးဘဝင်းဟာ မကွေးခရိုင် နက်မောက်မြို့မှာ သူ့ရဲ့ ညီအစ်ကိုရှစ်ယောက်နဲ့အတူ ကြီးပြင်းခဲ့ပါတယ်။ ပုံမှန် ဘုန်းကြီးကျောင်းပညာရေးကို သင်ကြားခဲ့သူဖြစ်ပါတယ်။ ပညာရေးမှာ ထူးချွန်သူဖြစ်တာကြောင့် ဦးစန္ဒာရအထက်တန်းကျောင်းမှာ ဆက်လက်သင်ကြားခဲ့ပြီး အင်္ဂလိပ်စာ ကောင်းတာကြောင့် ဗြိတိသျှရေနံကော်ပိုရေးရှင်းမှာ စာရေးအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်မှာတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။ မန္တလေးဥပစာကောလိပ်ဖွင့်လှစ်တဲ့အခါ ကောလိပ်ပညာရေးကို ဆက်လက်သင်ကြားနိုင်ခဲ့ပြီး သင်္ချာမှာ ဂုဏ်ထူးတန်းဝင်ခဲ့ပါတယ်။

ဝန်ကြီး

ပညာရေးသမားအနေနဲ့ သူ့ရဲ့ရပ်တည်မှုဟာ ဒုတိယကမ္ဘာစစ်ကြောင့် ရပ်တန့်သွားခဲ့ရပြီး ၁၉၄၃ ခုနှစ်မှာ နက်မောက်အုပ်ချုပ်ရေးဌာနရဲ့ ဒုတိယဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့ရပါတယ်။ ဂျပန်ကျူးကျော်မှုကာလ အဆုံးသတ်သွားတဲ့အခါမှာတော့ ဦးဘဝင်းဟာ ပုဂ္ဂလိက အထက်တန်းကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ခဲ့ပါတယ်။
သိုပေမယ့် တိုင်းပြည်မှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်နေပြီး ညီဖြစ်သူ အောင်ဆန်းကိုယ်တိုင် ဦးဆောင်နေတာကြောင့် ဦးဘဝင်းဟာ ပညာရေးအလုပ်အကိုင်ကို လုံးဝရပ်တန့်လိုက်ပြီး အစိုးရလုပ်ငန်းကိုပဲ အပြည့်အဝလုပ်ကိုင်ပါတော့တယ်။ သူ့ညီဦးဆောင်နေတဲ့ ကြားဖြတ်အစိုးရမှာ သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ရေးဝန်ကြီးဌာနရဲ့ဝန်ကြီးနေရာကို တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာတော့ ညီဖြစ်သူရဲ့ ဘေးနားမှာ ကျဆုံးခဲ့ရပါတယ်။

မှတ်သားဖွယ်ရာ အချက်အလက်များ

  • နာမည် - ဦးဘဝင်း
  • အလုပ်အကိုင်- နိုင်ငံရေးသမားနှင့် ဝန်ကြီး
  • မွေးရက် - ဇွန် ၁၀၊ ၁၉၀၁
  • ကွယ်လွန်ရက် - July 19, 1947
  • ပညာရေး - ဘီအက်စီ(သင်္ချာ)၊ မန္တလေးကောလိပ်
  • မွေးရပ် - မကွေး၊ မြန်မာ
  • ကွယ်လွန်နေရာ - ရန်ကုန်၊ မြန်မာ
  • မြှပ်နှံထားသည့်နေရာ - အာဇာနည်ဗိမာန်၊ ရန်ကုန်

ဗိုလ်ချုပ်အောင်ဆန်း

ဒုတိယ ဥက္ကဌ ဘုရင်ခံအမှုဆောင် ကောင်စီ


ဦးဘချို

သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး


မန်းဘခိုင်

စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး


ဦးဘဝင်း

ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး


သခင်မြ

ဘဏ္ဍာရေး နှင့် အခွန်တော် ဝန်ကြီးဌာန ဝန်ကြီး


ဦးရာဇတ်

ပညာရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ဝန်ကြီး


မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း

တောင်တန်းဒေသရေးရာဝန်ကြီးဌာန ဝန်ကြီး


ဦးအုန်းမောင်

ဒုတိယ အတွင်းဝန် လမ်းပန်းပို့ဆောင်ရေး ဝန်ကြီးဌာန


ရဲဘော် ကိုထွေး

ဥးရာဇတ်၏ သက်တော်စောင့်