Language: EN MM

ပြပွဲများ


၇၁နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား

19 - 21 July 2018

ဒီနေ့ဟာမြန်မာတစ်မျိုးသားထုလုံးအတွက်အလွန်ပင်အရေးပါသောနေ့တစ်နေ့ပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တစ်ကွအာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခြင်း ၇၁နှစ်မြောက် ပြည့်နေ့လည်း ဖြစ်ပါတယ်။

MORE ABOUT THIS EVENT

အာဇာနည်နေ့ နှစ် ၇၀ ပြည့်

၁၉ - ၂၁ ဇူလိုင်လ ၂၀၁၇

ဇူလိုင် ၁၉ ရက်နေ့မှာ ဝန်ကြီးများရုံးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးထားမှာဖြစ်ပြီး ယခုနှစ်အာဇာနည်နေ့ဟာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ကိုးဦး လုပ်ကြံခံခဲ့ရမှု နှစ် ၇၀ ပြည့်နေ့လည်း ဖြစ်ပါတယ်။ ဝန်ကြီးများရုံးဝင်းအတွင်းမှာရှိတဲ့ လွှတ်တော်အဆောက်အအုံနဲ့ ဝန်ကြီးများအစည်းအဝေးခန်းကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူအတွက် ဖွင့်လှစ်ပေးမှာလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖတ်ရန်

ဝူဂန်လိုက်၏ ပြပွဲ

ဇန်န၀ါရီ ၁၄ - ဖေဖော်ဝါရီ ၎

ဝူဂန်လိုက်ရဲ့ လက်ရာတွေဟာ အများအားဖြင့် ပန်းပုတွေနဲ့ အင်စတော်လေးရှင်းအနုပညာတွေဖြစ်ပါတယ်။ ကမ္ဘာ့အနုပညာဈေးကွက်က သမာရိုးကျအမျိုးအစားတွေကို မသုံးပါဘူး။ တည်ငြိမ်ပြီး မီနီမယ်ဆန်ပါတယ်။ မရှိမဖြစ်ဆိုတဲ့ အဓိကျမှုကိုပဲ လျှော့ချလုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပန်းဝတ်ဆံ၊ ပျားဖယောင်း၊ နွားနို့၊ ရှင်းလင်းတဲ့ စကျင်ကျောက်လို ဘဝရဲ့ တန်ဖိုးအရှိဆုံးပစ္စည်းတွေကိုပြင်းပြတဲ့အလှတရားပုံသဏ္ဍန်တွေအဖြစ် ပြောင်းလဲထားတာ ဖြစ်ပါတယ်။

အသေးစိတ်ဖတ်ရန်

“မြန်မာ့ ဓာတ်ပုံဆရာများ” ပြပွဲ

၁၈ ဖေဖော်ဝါရီ ၂၀၁၈ - ၁၁ မတ် ၂၀၁၈

ရန်ကုန်ဓာတ်ပုံ ပွဲတော်စီစဉ်သူတွေနဲ့ The Goethe-Institute ဟာ လူကတ်ဘာ့ခ် စုဆောင်းထားတဲ့ “မြန်မာ့ဓာတ်ပုံဆရာများ “ ပြပွဲကို ကျင်းပမှာဖြစ်ကြောင်း ကြေညာချင်ပါတယ်။

အသေးစိတ်ဖတ်ရန်