Language: EN MM

သုံးရက်ကြာ ကျင်းပမယ့် အမျိုးသားနေ့အတွက် ပြန်လည်ပြင်ဆင် မွမ်းမံထားတဲ့ ဝန်ကြီးများရုံး . ယခုနှစ် ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့ဟာ ဗိုလ်ချုပ်အောင်းဆန်းနဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ လုပ်ကြံခံခဲ့ရတဲ့ ဝမ်းနည်းဖွယ်နေ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။

ပွဲအကြောင်း

ဇူလိုင် ၁၉ ရက်နေ့မှာ ဝန်ကြီးများရုံးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးထားမှာဖြစ်ပြီး ယခုနှစ်အာဇာနည်နေ့ဟာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ကိုးဦး လုပ်ကြံခံခဲ့ရမှု နှစ် ၇၀ ပြည့်နေ့လည်း ဖြစ်ပါတယ်။ ဝန်ကြီးများရုံးဝင်းအတွင်းမှာရှိတဲ့ လွှတ်တော်အဆောက်အအုံနဲ့ ဝန်ကြီးများအစည်းအဝေးခန်းကို ပထမဆုံးအကြိမ်အဖြစ် အများပြည်သူအတွက် ဖွင့်လှစ်ပေးမှာလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်းဆန်းနဲ့ အာဇာနည်တွေလုပ်ကြံခံခဲ့ရတဲ့အခန်းနဲ့ မြန်မာနိုင်ငံရဲ့မူလလွတ်တော်အဆောက်အဦးကို အများပြည်သူက ဝင်ရောက်လည်ပတ်ခွင့်ရတာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဝန်ကြီးများရုံးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ယုံကြည်ပါတယ်။ လုပ်ကြံမှုဖြစ်ပွားစဉ်မှာ အခန်းတွင်းရှိနေခဲ့တဲ့ မူလပရိဘောဂတွေနဲ့ ပစ္စည်း ၂၈ မျိုးကို အမျိုးသားပြတိုက်က ယူဆောင်ကာ အများပြည်သူကို ပြသပေးမှာလည်းဖြစ်ပါတယ်။ အာဇာနည်တွေရဲ့ စွန့်လွှတ်မှုကို ဂုဏ်ပြုတဲ့ အနုပညာပြပွဲကို ခင်းကျင်းပြသပြီး ဆွမ်းသွပ်အမျှဝေတာတွေကို ပြုလုပ်မှာဖြစ်ပါတယ်။

လွတ်တော်အဆောက်အဦးကို နိုင်ငံရဲ့လွှတ်တော်အဖြစ် ၁၉၃၅ ကနေ ၁၉၆၂ ခုနှစ်ထိ သုံးစွဲခဲ့ပြီး နိုင်ငံရဲ့ အစောဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဗြိတိသျှအင်ပါယာကနေ လွပ်လပ်ရေးရတဲ့အချိန်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အလံကို လွှတ်တော်အဆောက်အဦးရှေ့မှာ ပထမဆုံး လွှင့်ထူခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးများအစည်းအဝေးခန်းမဟာ ဝန်ကြီးများရုံးရဲ့ အနောက်ဘက်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး ၁၉၀၅ ခုနှစ်ကတည်းက အစိုးရအမျိုးမျိုးဟာ အသုံးပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုံးလည်းဖြစ်ခဲ့ပါတယ်။

အမေး အဖြေ

ဝန်ကြီးများရုံးနဲ့ ပတ်သက်လို့ သိချင်တာတွေ သင့်မှာရှိနေနိုင်ပါတယ်။ အမေးများအတွက် မေးခွန်းတွေကို ဒီမှာ ဖြေပေးထားပါတ

အာဇာနည်နေ့ အနုပညာပြပွဲဆိုတာ အာဇာနည်တွေအပေါ် လေးစားတန်ဖိုးထားမှုကို အနုပညာနဲ့ မြှင့်တင်တဲ့ ပြပွဲတစ်ပွဲဖြစ်ပါတယ်။ ပွဲဟာ လူငယ်တွေနဲ့ ကလေးသူငယ်တွေကို အဓိကထားတာဖြစ်ပြီး နိုင်ငံတည်ထောင်ရာမှာ ရှေးလူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို နောက်မျိုးဆက်က အလေးထားတန်ဖိုးထားတတ်ဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ အမွေ့အနှစ်တွေကို အောက်မေ့သတိရဖို့က အရေးကြီးပါတယ်။
အနုပညာပြပွဲကို ဝန်ကြီးများရုံးအဆောက်အဦး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က စီစဉ်တာဖြစ်ပါတယ်။ အဆောက်အဦးအမွေအနှစ် ထိန်းသိမ်းရေးမှာ ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ထောက်ပံ့ပေးထားသလို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးကလည်း ပံ့ပိုးကူညီပေးထားပါတယ်။
၁၀ နှစ်ကနေ ၁၄ နှစ်ကြား ကလေးသူငယ်တွေကို ပါဝင်ပြသဖို့ ဖိတ်ခေါ်ပါတယ်။
ဖန်တီးမှုစွမ်းရည်၊ အာဇာနည်နေ့အပေါ်အနက်ပြန်ပုံနဲ့ရသအရည်အသွေးတွေပေါ်အခြေခံပြီး ပြိုင်ပွဲဝင်ပန်းချီကားတွေကို ဆုံးဖြတ်မှာပါ။ အနုပညာလက်ရာတွေဟာ အာဇာနည်နေ့အကြောင်း နဲ့ ဒီနေ့ဟာ သူတို့အတွက် ဘယ်လိုအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဖော်ပြရမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ကြိုက်တဲ့ အနုပညာပစ္စည်းနဲ့ ပြိုင်ဆိုင်လို့ရပါတယ်။ ပန်းချီကားတွေကို ရေဆေး၊ ရောင်စုံခဲတံ၊ စတဲ့အရာတွေနဲ့ ပြိုင်ဆိုင်လို့ရပါတယ်။
ပညာရေးဝန်ကြီးဌာန၊ သမိုင်းဌာန၊ အနုပညာနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကျွမ်းကျင်သူတွေ၊ ဒေသတွင်းဝါရင့်အနုပညာရှင်တစ်ယောက်နဲ့ ဝန်ကြီးများရုံးစီမံကိန်းက ကိုယ်စားလှယ်တစ်ဦးတို့က အကဲဖြတ်ပေးမှာဖြစ်ပါတယ်။
ပထမအနိုင်ရသူကတော့ မြန်မာငွေကျပ် ၃၀၀ ၀၀၀ ရရှိမှာဖြစ်ပြီး ဒုတိယကတော့ ၂၀၀ ၀၀၀ ကျပ်၊ တတိယကတော့ ၁၀၀ ၀၀၀ ကျပ်ရှိမှာဖြစ်ပါတယ်။ ဆန်ကာတင်စာရင်းမှာ ပါသူတွေကလည်း နှစ်သိမ့်ဆု ရရှိမှာဖြစ်ပါတယ်။ ပါဝင်သူအားလုံးကတော့ အသိအမှတ်ပြုလွှာရရှိမှာဖြစ်ပါတယ်
A4 အရွယ်အစားနဲ့ အနုပညာလက်ရာတွေကို ၂၀၁၇ ဇွန် ၂၄ ရက် ညနေ ၅ နာရီ နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။ နာမည်၊ အသက်၊ အုပ်ထိန်းသူကို ဆက်သွယ်ရမယ့် နေရပ်လိပ်စာအသေးစိတ်ကို ထည့်သွင်းပေးပို့ရမှာပါ။
ဆန်ကာတင်စာရင်းပါဝင်တဲ့လက်ရာတွေကို အာဇာနည်နေ့ ဝန်ကြီးများရုံးမှာ ခင်ကျင်းပြသမှာဖြစ်ပါတယ်။ ပြသထားတဲ့လက်ရာတွေကို ကြည့်ရှုဖို့ အများပြည်သူကို ဖိတ်ခေါ်မှာလည်းဖြစ်ပါတယ်။ ဝန်ကြီးများရုံးစီမံကိန်းဖေ့စ်ဘွတ်ပေ့ခ်ျနဲ့ တခြားဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ ဆန်ကာတင်စာရင်းကို ကြေညာမှာဖြစ်ပါတယ်။

မျှဝေရန်     

Share