Language: EN MM

၁၈၈၉ ~ ယနေ့အထိ

သမိုင်းအကျဉ်း

ဝန်ကြီးများရုံးသမိုင်း

သမိုင်းဝင်ဝန်ကြီးများရုံးကို ဗြိတိသျှကိုလိုနီလက်ထက်က တည်ဆောက်ခဲ့တာဖြစ်ပြီး အခုဆိုလျှင် သက်တမ်း ၁၂၀ ကျော်ရှိပြီဖြစ်ပါတယ်။ ရန်ကုန်ရဲ့ လူဦးရေသိပ်ထူထပ်ခြင်း မရှိတဲ့နေရာမှာရှိတာကြောင့် သမိုင်းဝင်ဝန်ကြီးများရုံးကို ကြည့်ရှုရင်း အပန်းဖြေလမ်းလျှောက်ကာ မြို့ရဲ့အလှကိုပါ ခံစားနိုင်ပါတယ်။


အမိုးခုံးများဖြင့် ၂၀ရာစုအစောပိုင်းဓါတ်ပုံ

ဝန်ကြီးများရုံးဟာ ရန်ကုန်ရဲ့သမိုင်းဝင်အထင်ကရ အဆောက်အအုံဖြစ်ပြီး ဗစ်တိုးရီးယန်း-ကိုလိုနီ ဗိသုကာပုံစံရဲ့ စံပြလက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ဗြိတိသျှမြန်မာအစိုးရရဲ့ အစိုးရရုံးစိုက်ရာနေရာလည်းဖြစ်ပါတယ်။ ခေတ်သစ်မြန်မာနိုင်ငံရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြားဝန်ကြီးခြောက်ဦးတို့ ၁၉၄၇ ၊ ဇူလိုင် ၁၉ ရက်နေ့မှာ လုပ်ကြံခံခဲ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။ အဆောက်အအုံကြီးဟာ အခုဆိုရင်တော့ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးစာရင်းမှာ ပါဝင်နေပြီဖြစ်ပါတယ်။

တည်နေရာ

ရန်ကုန်ရဲ့ ဝန်ကြီးများရုံးဟာ သိမ်ဖြူလမ်းပေါ်မှာ ရှိပါတယ် အကျယ် ၆.၅ ဧကရှိပြီး မြောက်ဘက်မှာဆိုရင် အနော်ရထာလမ်းမကြီးထိ၊ အရှေ့ဘက်မှာဆိုရင် သိမ်ဖြူလမ်းမကြီးထိ၊ တောင်ဘက်မှာ မဟာဗန္ဓုလလမ်းမကြီးထိ နဲ့ အနောက်ဘက်မှာ ဗိုလ်အောင်ကျော်လမ်းထိ ကျယ်ဝန်းတာဖြစ်ပါတယ်။ မြောက်ဘက်ရဲ့ လမ်းတစ်ဘက်မှာဆိုရင်တော့ အမှတ် ၆ ဗိုလ်တစ်ထောင် အထက်တန်းကျောင်းရှိပြီး အဆိုပါကျောင်းဟာ မူလက ကတ်သလစ်သာသနာပြုဘုန်းတော်ကြီးတွေ တည်ထောင်ခဲ့တဲ့ စိန့်ပေါလ် အထက်တန်းကျောင်းဖြစ်ပါတယ်။


အတိတ်

လက်ရှိ ဝန်ကြီးများရုံးအဆောက်အအုံကို ၁၈၉၆ ခုနှစ်က စတင်စလုပ်ခဲ့တာဖြစ်ပြီး အနီရောင်နဲ့ အဝါရောင် အုတ်ခဲတွေကို အသုံးပြုကာ ယူ (U) ပုံသဏ္ဍန်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဝန်ကြီးများရုံးသစ်ကို မဆောက်လုပ်ခင် ယခင်အဟောင်းဟာ ကမ်းနားလမ်းမှာ တည်ရှိခဲ့ပါတယ်။ ၁၈၈၆ ခုနှစ် အင်္ဂလိပ်တွေက အထက်မြန်မာပြည်ကို သိမ်းပိုက်လိုက်ပြီးနောက်မှာတော့ ကိုလိုနီအစိုးရရဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေဟာ ဆတိုးများပြားလာခဲ့ပြီး ဝန်ကြီးများရုံးကို တိုးချဲ့ဖို့ အရေးတကြီးလိုအပ်လာခဲ့တာ ဖြစ်ပါတယ်။
ကိုလိုနီအစိုးရဟာ အသစ်တစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီး ဆောက်လုပ်ဖို့ တာဝန်ကိုတော့ အစိုးရရဲ့ အများပြည်သူဆိုင်အဆောက်အအုံတွေကို တာဝန်ယူလုပ်ဆောင်တဲ့ အမူဆောင် အင်ဂျင်နီယာ ဟင်နရီဟွိုင်းဖောက်စ်ကို ပေးခဲ့ပါတယ်။ ဟွိုင်းဖောက်ဟာ သမ္မတအိမ်တော်၊ ရန်ကုန်ဆေးရုံကြီး၊ မူလတရားရုံးချုပ်တို့အပါအဝင် အစိုးရအဆောက်အအုံများစွာကို ဒီဇိုင်းရေးဆွဲသူ ဖြစ်ပါတယ်။ ဝန်ကြီးများရုံးရဲ့ ပင်မအဆောက်အအုံကို ၁၉၀၂ ခုနှစ်မှာ အပြီးသတ်ခဲ့ပြီး အရှေ့နဲ့အနောက်ဘက်အပိုင်းတွေကတော့ ၁၉၀၅ ခုနှစ်မှာ ပြီးဆုံးခဲ့ကာ မြန်မာကျပ်ငွေ ၂.၅ သန်း ကုန်ကျခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်ထိ အစိုးရဝန်ကြီးများရုံးလို့ ခေါ်ဆိုခဲ့ပါတယ်။

Dalahosi road

ဒလဟိုစီလမ်းမကြီးမှ မြင်ရပုံ

Old Secretariat

ဝန်ကြီးများရုံး၏ ရှေးဟောင်းပုံ

Secretariat after 1900s

ဗြိတိသျှအစိုးရခေတ် ၀န်ကြီးများရုံးပုံ


လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ ပြည်ထောင်စုအစိုးရသစ်က ဤအဆောက်အဦးကို အမျိုးမျိုးသော ၀န်ကြီးဌာနများနှင့် အစိုးရဌာနများအဖြစ်အသုံးပြုခဲ့ကြသည်။ ထို့နောက်တွင် အဆိုပါ အတွင်းရေးမှုးချုပ်ရုံးကို ၀န်ကြီးများရုံးအဖြစ် ခေါ်ဆိုခဲ့ကြသည်။


လက်ရှိကာလ

Bogyoke Aung San speech in the Secretariat

ဗိုလ်ချုပ်အောင်ဆန်း ၀န်ကြီးများရုံးတွင် မိန့်ခွန်းပြောနေပုံ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဌာနတွေဟာ ပြင်ပကတခြားအဆောက်အအုံတွေဆီ ပြောင်းရွှေ့သွားခဲ့ပြီး ဝန်ကြီးများရုံးဟာလည်း အသုံးမပြုတာကြောင့်ယိုယွင်းလာပါတယ်။ ယခင်အစိုးရဟာ ၂၀၀၅ ခုနှစ်က နေပြည်တော်ကို ရွှေ့သွားတဲ့အခါ အဆောက်အအုံဟာ လုံးဝစွန့်ပစ်ခံရသလို ဖြစ်ခဲ့ပါတယ်။

အခြေခံပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်က ရွေးချယ်ခဲ့တဲ့ အဆောက်အအုံငါးခုမှာ ဝန်ကြီးများရုံးပါဝင်ပါတယ်။ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ခေါင်မိုးပိုင်းဟာ ပျက်စီးသွားခဲ့ပြီး ယာယီပြင်ဆင်မှုတွေပဲ ပြုလုပ်ခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်တဲ့အခါမှာတော့ အမိုးပိုင်းရဲ့ အများစုဟာ ကျွန်းသားအကောင်းစားတွေနဲ့ တည်ဆောက်ထားကာ အကောင်းတိုင်းရှိနေသေးတာကို တွေ့ခဲ့ရပါတယ်။ မြေပြင်စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာတော့ ကာလကြာမြင့်တာကြောင့် တောင်ဘက်ပိုင်းဟာ ၂၁ လက်မ နိမ့်သွားတာကို တွေ့ရှိရပါတယ်။ မြေဟာ ဟန်ချက်ညီအောင် ပြုလုပ်ပေးထားသလိုရှိပေမယ့် အဆောက်အအုံပိုင်းမှာ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။


ဘာဘူနေထရမ်ရမ်းဘတ်စ်

ဝန်ကြီးများရုံးကို အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အဖေနှင့်သားများ အဖွဲ့တစ်ဖွဲ့က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အဖေဖြစ်သူသေခဲ့ရပြီးနောက်မှာ နေထရမ်ရမ်းဘတ်စ်ဟာ ဆယ်ကျော်သက်ဘဝနဲ့ မိသားစုဆောက်လုပ်ရေးကုမ္ပဏီကို ဆက်လက်ဦးစီးခဲ့တာဖြစ်ပါတယ်။ သူ့အဖေဟာ ဝန်ကြီးများရုံးရဲ့ ပထမဆုံးအပိုင်းကို တည်ဆောက်ပေးခဲ့ပြီး သူကတော့ ကျန်တဲ့အပိုင်းတွေကို ဆက်လက်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဆယ်စုနှစ်အနည်းငယ်အတွင်း လူထောင်ပေါင်းများစွာကို အလုပ်အကိုင်ပေးအပ်နိုင်ခဲ့ပြီး ရန်ကုန်မြို့ အသိုင်းအဝိုင်းမှာ လူဂုဏ်ထံတစ်ဦး ဖြစ်လာခဲ့ကာ “Who’s Who of Burma” ရဲ့ အဖော်ပြခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပြီး ၁၉၂၀ ခုနှစ် လမ်းညွှန်စာအုပ်ထဲမှာလည်း သူ့ရဲ့ “ရန်ကုန်မြို့အပေါ် ဆောင်ရွက်ခဲ့မှုက သူနဲ့တကွ ရန်ကုန်မြို့မှ ပြည်သူတွေ ကွယ်လွန်သွားသည့်တိုင်အောင် ကျန်ရှိနေပေလိမ့်မယ်” လို့ ဖော်ပြခံခဲ့ရပါတယ်။