Language: EN MM

အတ္ထိုပတ္တိအကျဉ်း

မန်းဘခိုင်

မန်းဘခိုင်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအကြို အစိုးရအတွက် စက်မှုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ မြန်မာနိုင်ငံေ၇းသမားဖြစ်ခဲ့သည်။ သူသည် ကရင်လူငယ်အစည်းအရုံးဥကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။


Mahn Ba Khine

မန်းဘခိုင်

စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး

လူငယ်ဘဝ

Yuntalin ရွာသူကြီးရဲ့ သားဖြစ်သူ မန်းဘခိုင်ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဟင်္သာတမှာ သာသနာပြုတွေတည်ထောင်ထားတဲ့ ကျောင်းကနေတစ်ဆင့် အမေရိကန်ပညာရေးကို ထိတွေ့ခဲ့ရသူဖြစ်ပါတယ်။ ၁၉၂၀ နဲ့ ၁၉၂၃ ခုနှစ်ကြားကာလမှာ မန်းမဘခိုင်ဟာ Scot ဖျော်ရည်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ကြိုးစားမှုကြောင့် လက်ထောက်မန်နေဂျာအဖြစ် ရာထူးတိုးခံခဲ့ရပါတယ်။ သို့သော်လည်း ကုမ္ပဏီတွင်း လူမျိုးရေးပြသနာတွေနဲ့ ခွဲခြားမှုတွေကြောင့် မန်းဘခိုင်ဟာ အလုပ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

အသင်းအဖွဲ့အလုပ်

သူ့ရဲ့ကရင်လူမျိုးများကို အမြဲကူညီချင်နေတဲ့ မန်းဘခိုင်ဟာ ကရင်ကျောင်းကို တည်ထောင်ခဲ့ပြီး လူမှုလှုပ်ရှားမှုပေါင်းများစွာကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသလုံးဆိုင်ရာ မွန်-ကရင် အသင်းကို တည်ထောင်ရာမှာ ကူညီခဲ့ပြီး ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ သို့သော်လည်း ဂျပန်ခေတ်ကာလမှာတော့ အရပ်ဘက်အဖွဲ့အစည်းလုပ်ငန်းတွေကို ရပ်တန့်ပြီး ဟင်္သာတမှ ရန်ကုန်သို့ ငှက်ပျောသီးတင်ပို့တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

နိုင်ငံရေးသမား

သခင်အောင်ဆန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးမိန့်ထုတ်လိုက်တဲ့ ၁၉၄၀ ခုနှစ်မှာ သခင်လူငယ်အောင်ဆန်းကို သူ့ရဲ့ ငှက်ပျောသီးတင်လှေနဲ့ မန်းဘခိုင်က ခိုးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ငှက်ပျောသီး ကုန်သွယ်လုပ်ငန်းကို လုပ်ကိုင်နေစဉ်မှာပဲ မန်းဘခိုင်ဟာ ဂျပန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဘိုခင်ဝင်းဆိုတဲ့နာမည်ကိုယူပြီး တော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ခေါင်းဆောင်မှု စွမ်းရည်တွေကြောင့် မန်းဘခိုင်ဟာ ဆရာသာထူးနဲ့အတူ ဗဟိုအမှုဆောင်ကော်မတီမှာ ကရင်လူမျိုးကိုယ်စားလှယ်ဖြစ်လာခဲ့ပါတယ်။ ဂျပန်ကျူးကျော်မှုကာလအဆုံးသတ်တဲ့အခါမှာတော့ မန်းဘခိုင်ဟာ ဗဟိုကရင်အမျိုးသားအဖွဲ့အစည်းရဲ့ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။

ပင်လုံသဘောတူညီချက်

ကရင်လူမျိုးတွေကို ကိုယ်စားပြုရင်း မန်းဘခိုင်ဟာ ပင်လုံစာချုပ်ပါ သတ်မှတ်ချက်တွေကို သဘောတူညီခဲ့ပါတယ်။ ညီလာခံကိုတက်ရောက်တဲ့ အခြားကရင်ခေါင်းဆောင်တွေနဲ့အတူ ပြည်ထောင်စုဖွဲ့စည်းရေးကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ သို့သော်လည်း မန်းဘခိုင်ဟာ သူ့ရဲ့ကြိုးစားမှုတွေ သီးပွင့်လာတာကိုတော့ မြင်တွေ့မသွားခဲ့ရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အခြားခေါင်းဆောင်တွေနဲ့အတူ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်သားဖွယ်ရာ အချက်အလက်များ

  • နာမည် - မန်းဘခိုင်
  • အလုပ်အကိုင် - နိုင်ငံရေးသမား၊ ဝန်ကြီး
  • မွေးရက် - အောက်တိုဘာ ၂၆ ၊ ၁၉၀၃
  • ပညာရေး - အထက်တန်း
  • မွေးရပ် - ဧရာဝတီဒေသ၊ မြန်မာ
  • ကွယ်လွန်နေရာ - ရန်ကုန်၊ မြန်မာ
  • မြှပ်နှံရာနေရာ - အာဇာနည်ဗိမာန်၊ ရန်ကုန်

ဗိုလ်ချုပ်အောင်ဆန်း

ဒုတိယ ဥက္ကဌ ဘုရင်ခံအမှုဆောင် ကောင်စီ


ဦးဘချို

သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး


မန်းဘခိုင်

စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး


ဦးဘဝင်း

ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး


သခင်မြ

ဘဏ္ဍာရေး နှင့် အခွန်တော် ဝန်ကြီးဌာန ဝန်ကြီး


ဦးရာဇတ်

ပညာရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ဝန်ကြီး


မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း

တောင်တန်းဒေသရေးရာဝန်ကြီးဌာန ဝန်ကြီး


ဦးအုန်းမောင်

ဒုတိယ အတွင်းဝန် လမ်းပန်းပို့ဆောင်ရေး ဝန်ကြီးဌာန


ရဲဘော် ကိုထွေး

ဥးရာဇတ်၏ သက်တော်စောင့်