Language: EN MM

အတ္ထိုပတ္တိအကျဉ်း

မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် တောင်တန်းနှင့် ပြည်မ ပေါင်းစည်းရေးတွင် တိုင်းပြည်အတွက်အရေးကြီးလှသော ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းတွင် ပါဝင်ခဲ့လေသည်။


Sao San Htun

မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း

တောင်တန်းဒေသရေးရာဝန်ကြီးဌာန ဝန်ကြီး

မိသားစုနှင့် ပညာရေး

ရှမ်းတော်ဝင်မင်းသားအဖြစ်မွေးဖွားလာတဲ့ စပ်စံထွန်းဟာ မိုင်းပွန်မြို့စားရဲ့သားဖြစ်ပါတယ်။ တော်ဝင်မျိုးနွယ်ဖြစ်တာကြောင့် ရှမ်းစော်ဘွားတွေသာ တက်ရတဲ့ တောင်ကြီးမြို့က အထက်တန်းကျောင်းကို တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးတဲ့အခါ အစိုးရနေရာများစွာကို တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ၁၉၂၈ ၊ ဇွန် ၂၇ ရက်နေ့မှာတော့ မိုင်ပွန်းစော်ဘွားအဖြစ် ဖခင်ဖြစ်သူဆီက ပြောင်းလဲဆက်ခံပါတယ်။ ရှမ်းပြည်နယ်က အုပ်ချုပ်သူတစ်ဦးဖြစ်တာကြောင့် ရှမ်းပြည်နယ်ဆိုင်ရာ မင်သားများ ပါဝင်ဖွဲ့စည်းထားတဲ့ အစိုးရကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှု

ဂျပန်ကျူးကျော်မှုကာလပြီးဆုံးတဲ့အခါမှာတော့ မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီအသွင်ပြောင်းရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို မြင်ခဲ့ရပါတယ်။ မိုင်းပန်စော်ဘွားကြီးနဲ့အတူ ရှမ်းခေါင်းဆောင်များ၊ အခြားလူမျိုးစုခေါင်းဆောင်များနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ပင်လုံမြို့မှာ ပြည်ထောင်စုတည်ထောင်ရေးကို ၁၉၄၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သို့သော်လည်း မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့ရပြီး ဝန်ကြီးများအစည်အဝေးမှာ အခြားဝန်ကြီးတွေနဲ့အတူ လုပ်ကြံသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်သားဖွယ်ရာ အချက်အလက်များ

  • နာမည် - မိုင်းပွန်စော်ဘွား
  • အလုပ်အကိုင် - တောင်ပေါ်ဒေသဝန်ကြီးနှင့် ရှမ်းပြည်နယ် မိုင်းပွန်ဒေသခေါင်းဆောင်
  • မွေးရက် - မေ ၃၁၊ ၁၉၀၇
  • ကွယ်လွန်ရက် - ဇူလိုင် ၁၉၊ ၁၉၄၇
  • ပညာရေး - အထက်တန်း
  • မွေးရပ် - ရှမ်းပြည်နယ်၊ မြန်မာ
  • ကွယ်လွန်နေရာ - ရန်ကုန်၊ မြန်မာ
  • မြှပ်နှံထားသည့်နေရာ - အာဇာနည်ဗိမာန်၊ ရန်ကုန်

ဗိုလ်ချုပ်အောင်ဆန်း

ဒုတိယ ဥက္ကဌ ဘုရင်ခံအမှုဆောင် ကောင်စီ


ဦးဘချို

သတင်းနှင့်ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး


မန်းဘခိုင်

စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး


ဦးဘဝင်း

ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး


သခင်မြ

ဘဏ္ဍာရေး နှင့် အခွန်တော် ဝန်ကြီးဌာန ဝန်ကြီး


ဦးရာဇတ်

ပညာရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဌာန ဝန်ကြီး


မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း

တောင်တန်းဒေသရေးရာဝန်ကြီးဌာန ဝန်ကြီး


ဦးအုန်းမောင်

ဒုတိယ အတွင်းဝန် လမ်းပန်းပို့ဆောင်ရေး ဝန်ကြီးဌာန


ရဲဘော် ကိုထွေး

ဥးရာဇတ်၏ သက်တော်စောင့်