Language: EN MM

အကျဉ်းချုံး ဖော်ပြချက်

ဝန်ကြီးများရုံး

အချိန်အစဉ်လိုက် ဖော်ပြချက်


အတွင်းဝန်များရုံးအဆောက်အဦးဖြစ်တည်လာပုံ

အတွင်းဝန်များရုံး၏ ဧရိယာအကျယ်အ၀န်းသည် ၁၆ ဧက ဖြစ်သည်။
ပင်မအဆောက်အဦးက အားလုံးပေါင်း ၃ ဆောင် ဖြစ်ပြီး မြောက်ဖက်တွင် လွှတ်တော် (Council Chamber) ရှိသည်။
၁၈၈၉ ခုနှစ်တွင် တောင်ဘက် ( ဒါလဟိုဇီ လမ်းဘက်) အဆောက်အဦးကို စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၉၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။
ငွေကြေးအားဖြင့် ရူပီး ၁၀ သိန်း ကုန်ကျ၏။
ကျန်သော အရှေ့ဘက် ၊ အနောက်ဘက်အဆောက်အဦး နှစ်ခုဖြစ်သည့် စပတ်လမ်းနှင့် ဂျူဒါအီဇီကယ်လမ်း ဘက်ရှိ အဆောက်အဦးများကို ၁၉၀၃ ခုနှစ်တွင် ပြိုင်တူ ဆောက်လုပ်ခဲ့ပြီး ၂ နှစ်အကြာ ၁၉၀၅ ခုနှစ်မှာပင် ပြီးစီး အချောသပ်နိုင်ခဲ့သည်။

ပိုမိုသိရှိရန် »

ကနဦးအုပ်ချုပ်ပုံ အဆင့်ဆင့်

၁၉၀၀ ပြည့်နှစ်ကျော် ကာလများဆီက အတွင်းဝန်များရုံး၏ ရုံးအဖွဲ့တွင် Chief Secretary က အကြီး ဆုံးဖြစ်သည်။
Chief Secretary အောက်တွင် အတွင်းဝန် ၂ ဦး၊ အငယ်တန်း အတွင်းဝန် ၂ ဦး နှင့် ရုံးအရာရှိများ စသဖြင့် ရှိသည်။
၁၉၃၀ အလွန်နှစ်များ တွင် အတွင်းဝန်များရုံး၏ ရုံးအဖွဲ့ ပြောင်းလဲ တိုးတက်လာခဲ့သည်။ထိပ်ဆုံးတွင် Chief Secretary ( ၁) ဦး ကတော့ ကနဦးအတိုင်းပင် ဆက်လက်တည်ရှိသည်။သူ့ လက်အောက်တွင် အတွင်းဝန် ၇ ယောက်၊ အငယ်တန်း အတွင်းဝန် ၇ ယောက်၊ လက်ထောက်အတွင်းဝန် ၂ ယောက် နှင့် မှတ်ပုံတင်အရာရှိ ၄ ယောက် စသဖြင့် လူဦးရေတိုးပြီး ဖွဲ့ လာခဲ့၏။
သို့သော် နောင် ၁၀နှစ်အကြာ ၁၉၄၀ အလွန်နှစ်များ တွင်ကား ရုံးအဖွဲ့ ပြောင်းလဲ ဖွဲ့ စည်း ပြန်သည်။၁၉၄၀ အလွန်နှစ်များ တွင် အတွင်းဝန် ၁၀ ဦး၊ ပူးတွဲအတွင်းဝန် (၃) ဦး ၊ ဒုတိယ အတွင်းဝန် (၅) ဦး၊ အငယ်တန်း အတွင်းဝန် (၉) ဦး၊ လက်ထောက် အတွင်းဝန် (၅) ဦး နှင့် မှတ်ပုံတင်အရာရှိ (၇) ဦး ထိ ပြောင်းလဲ ဖွဲ့စည်း လာခဲ့သည်။

ပိုမိုသိရှိရန် »

ဒိုင်အာခီခေတ်

၁၉၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဒိုင်အာခီ အစိုးရ အဖွဲ့ ကို စတင် ဖွဲ့စည်းခဲ့သည်။ ဒိုင်အာခီ အစိုးရအဖွဲ့တွင် အုပ်ချုပ်မှုကောင်စီ နှင့် ဥပဒေပြုကောင်စီ ဟူ၍ နှစ်ဖွဲ့ရှိသည်။ အုပ်ချုပ်မှု ကောင်စီတွင် -

  • ဘုရင်ခံသည် ဆာဟာကုတ်ဘတ္တလာဖြစ်သည်။
  • ဆာဝီလျှံဂျွန်ကိတ် ( ဘဏ္ဍာရေးဝန်ကြီး နှင့် ၀န်ကြီးချုပ်ရာထူး )
  • ဆာမောင်ခင် ( ပြည်ထဲရေးဝန်ကြီး )
  • ဂျေအေမောင်ကြီး ( သစ်တောရေးရာဝန်ကြီး ) နှင့်
  • M . A မောင်ကြီး ( ပညာရေးဝန်ကြီး ) တို့ အသီးသီးပါဝင်ကြသည်။

ပိုမိုသိရှိရန် »

၉၁ ဌာနအုပ်ချုပ်ရေးခေတ်

၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာပြည်တွင် ၉၁ ဌာန အုပ်ချုပ်ရေးအသစ်ကို စတင်ခဲ့သည်။အုပ်ချုပ်ရေးစနစ်သစ်အရ ဒေါက်တာဘမော် ဦးဆောင် သော ညွန့်ပေါင်းအစိုးရ တက်လာခဲ့သည်။
အုပ်ချုပ်ရေး အသစ်တွင် အထက်လွှတ်တော် အမတ် ( ၃၆ ) ဦး နှင့် အောက်လွှတ်တော်အမတ် ( ၁၃၂ ) ဦး တို့ ပါဝင်သည်။

ပိုမိုသိရှိရန် »

၁၉၃၉ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဦးပု ၏ ဒုတိယ ညွန့်ပေါင်းအစိုးရ တက်လာသည်။

ဦးပု၏ ဒုတိယညွှန်ပေါင်းအစိုးရ

  • ဘုရင်ခံသည် ဆာအာချီဘောဒေါက်ဂလပ်ကော့ကရိန်းပင် ဖြစ်သည်။
  • ဦးပု (နန်းရင်းဝန်)
  • စောဖိုးချစ် ( ပညာရေးဝန်ကြီး)
  • မစ္စတာအိပ်စီခူး ( သစ်တောရေးရာဝန်ကြီး)
  • ဦးထွန်းအောင်ကျော်( ဘဏ္ဍာရေးဝန်ကြီး)
  • ဦးကွန့် ( ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)
  • ဦးပေါ်ထွန်း ( အခွန်ဌာန၀န်ကြီး)
  • ဦးဘဘေ ( ပြည်ထဲရေးဝန်ကြီး)

ပိုမိုသိရှိရန် »

လွတ်လပ်ရေးအကြိုခေတ်

၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့တွင် မဟာမိတ် တပ်များက ရန်ကုန်မြို့ကို သိမ်းယူခဲ့သည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့တွင် စစ်သေနာပတိချုပ် မောင့်ဘက်တန် က ဆာဒေါ်မန်စမစ် ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ Sနိုဝင်ဘာ ၁ ရက်နေ့တွင် ဘုရင်ခံ၏ အမှုကောင်စီကို ဖွဲ့စည်းခဲ့သည်။ ထိုအမှုဆောင်ကောင်စီတွင် “ဆာပေါ်ထွန်း” က အစိုးရ အဖွဲ့ကို ဦးဆောင်သည်။၁၉၄၅ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဘုရင်ခံ ၏ ဥပဒေပြု လွှတ်တော်အမတ်များကို ရွေးချယ်ပြီး ( ၃၄ ) ဦး ခန့်အပ်ခဲ့သည်။
၁၉၄၆ခုနှစ်ဖေဖော်ဝါရီလ၂၈ရက်နေ့တွင်ဥပဒေပြုလွှတ်တော်၏ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပခဲ့ သည်။
မတ်လ ၂၁ရက်နေ့တွင် လွတ်တော်အစည်းဝေးပွဲတွင် သခင် ထွန်းအုပ် က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လူသတ်မှုကျူးလွန်ကြောင်း လွှတ်တော်မှာ တင်ပြီး စွပ်စွဲခဲ့သည်။

ပိုမိုသိရှိရန် »

ပါလီမန်ဒီမိုကရေစီခေတ်

ပျော်ဘွယ်ဦးမြကို ပါလီမန် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။ နံနက် ၆ နာရီခွဲ တွင် ဘုရင်ခံ အိမ်တော်တွင် အာဏာလွှဲပြောင်းသည့် အခမ်းအနားပြုလုပ်သည်။ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင် ဘုရင်ခံဆာဟူးဘတ်ရန့် နှင့် ဇနီးတို့ ထွက်ခွါသွားခဲ့ကြသည်။
၁၉၄၈ခုနှစ် ဧပြီလ ၂၄ ရက် တွင် သမ္မတ စာချွန် ဖြင့် ပဉ္စမ အကြိမ် ပါလီမန် အစည်းအဝေး ပြီးဆုံးကြောင်း ကြေငြာခဲ့သည်။
၁၉၄၈ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့၊ နေ့လည် ၂ နာရီ တွင် ဖဆပလ အစိုးရ နှုတ်ထွက်ကြောင်း လွှတ်တော်တွင် ကြေငြာသည်

ပိုမိုသိရှိရန် »